အလုံ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အလုံမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေရှားပါးပြတ်လပ်မှုနှင့်နွေရာသီကာလ မီးဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့်အတွက် မြို့နယ်အတွင်းရှိ မြေအောက်သိုလှောင်ရေကန်များ၌ ရေသိုလှောင်ထားရှိမှု၊ မီးသတ်ယာဉ်များနှင့်ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးပြည့်စုံ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် (အင်ဂျင်နီယာဌာန)ရေနှင့်သန့်ရှင်းမှုဌာန မြို့နယ်တာ၀န်ခံဒေါ်ချိုနွယ်၀င်းတို့ပါ၀င်သောအဖွဲ့ဖြင့် ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)