မိတ္ထီလာ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာအုပ်စု သဲကုန်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းထံသို့ မြို့နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နို့စားနွားမွေးမြူရေးလုပ်ငန်း လျာထားချက်အပေါ် တိုးချဲ့မွေးမြူရေးနိုင်ရေးအတွက် ချေးငွေပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေပေးအပ်ပွဲတွင် သဲကုန်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်း တာဝန်ရှိသူများထံသို့ ဖရီရှန်နို့စားနွား ၂၂ ကောင်မွေးမြူရန် ငွေကျပ် ၄၄ဝ သိန်း၊ နွားခြံဆောက်လုပ်ရန် ငွေကျပ် ၁၂ဝ သိန်းနှင့် နွားစာစာရိတ် ပံ့ပိုးငွေကျပ် ၃၂ သိန်း စုစုပေါင်း ငွေကျပ် ၅၉၂ သိန်းကျပ်အား မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ မြို့နယ်သမဝါယမဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များက ပံ့ပိုးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ