တွံတေးမြို့နယ် နွေစပါးလျာထားချက်ဧက(၄၂၈၀၄)တွင် ဧက(၃၂၈၅၆)ကျော်စိုက်ပျိုးပြီးစီး

 တွံတေး ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နွေစပါးစိုက်ပျိုးမှုလျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် စိုက်ဧက(၈၁၃၃၅)ဧက လျာထားဆောင်ရွက်ခဲ့ပြီး နွေစပါးကိုစိုက်ပျိုးဧက(၄၂၈၀၄)ဧက လျာထားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးမြို့နယ်တွင် ကျေးရွာများ၌ မိုးစပါးရိတ်သိမ်းပြီး ရေအဆင်ပြေသောဒေသများတွင် နွေစပါးကိုအဓိကထား စိုက်ပျိုးကြကာ ယခုနှစ်နွေစပါးလျာထား(၄၂၈၀၄)ဧကတွင် ဧက(၂၃၈၅၆) ဧကစိုက်ပျိုးပြီးကြောင်း သိရသည်။ နွေစပါးအပြင် သီးထပ်သီးညှပ်များဖြစ်သည့် တိုင်ထောင်ပဲ၊ ခရမ်း၊ ငရုပ်၊ ကန်စွန်း၊ ဗူး၊ ခဝဲ၊ ပြောင်း၊ သခွားနှင့်နေကြာများကို စိုက်ပျိုးကြကြောင်းလည်း သိရှိရသည်။ နွေစပါးကို ဒေသနှင့်ကိုက်ညီပြီး အရောင်းအဝယ်ရှိသော စပါးမျိုးများဖြစ်သည့် ရက်(၉၀)၊ ဆင်းသုခစပါးမျိုးများကိုသာ အဓိကထားကာ တောင်သူများက စိုက်ပျိုးကြကြောင်းလည်း သိရသည်။

နွေစပါးစိုက်ပျိုးတောင်သူတစ်ဦးက “ကျွန်တော်က တကလှဲ့ကျေးရွာက စပါးစိုက်တောင်သူတစ်ဦးပါ စိုက်ဧက(၂၀)ရှိပြီး မိုးစပါးကို တောင်ပျံစိုက်ပြီးထွတ်နှုန်းက တစ်ဧကကို စပါးတင်း(၅၀.၁၂)တင်းသာထွတ်ရှိပြီး ကုန်ကျစရိတ်က တစ်ဧကကို ငွေကျပ်(၃၀၀၀၀၀)ကျပ်မှ (၄၀၀၀၀၀)ကျပ်လောက် ကုန်ကျကြောင်းသိရှိရသည်။ မိုးစပါးက မိုးတွင်းအခါမှာက ရာသီဥတုဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ ရွှေခရုဖျက်ဆီးခြင်း၊ ပိုးကျခြင်းတွေ့ရှိသည့်အတွက် အထွတ်နှုန်းလျော့နည်းလို့ စပါးစိုက်တောင်သူများက ချောင်း၊ မြောင်းနီးသူများက နွေစပါးကိုအဓိကထားစိုက်ပျိုးကြောင်း၊ ဒီနားတစ်ဝိုက်မှာကတော့ အဓိက ရက်( ၉၀)၊ ဆင်းသုခ၊အညာသား၊ ရွှေဘိုချွန်း ၊​ ဘေးကြား၊ ခွံနီ၊ တောင်ပျံကိုဘဲ စိုက်ပျိုးကြပါတယ်။ ဒီစပါးမျိုးတွေက ဒေသနဲ့ဆိုရင် စပါးတင်း (၉၀) မှ (၁၀၀) ထိထွတ်ရှိကာ စပါးထွတ်ရှိရေးအတွက် မြေသြဇာကိုလည်း သူရက်ပတ်နဲ့သူ ပုံမှန်ပတ်ဖျန်းပေးရတယ်။ ပိုးကျရင်လည်း ပိုးသတ်ဆေးကို သူရဲ့စံချိန် စံညွှန်းနဲ့အညီ ဖြန်းပေးခြင်း၊ မြေသြဇာကို တစ်ဧက(၄) အိတ်နှုန်းသုံးစွဲရကြောင်း၊ နွေစပါးဖြစ်သည့်အတွက် လယ်မြေအတွင်းကို ချောင်း၊မြောင်းတွေ့ထဲကနေ ရေကိုတစ်ရက်ခြား၊ နှစ်ရက်ခြားတင်ပေးရကြောင်း၊တစ်ဧကို ဒီဇယ်ဂါလံ (၁၀) ဂါလံခန့်ကုန်ကျပြီး စပါးစျေးနှုန်းက အတက်အကျရှိကြောင်း၊ စပါးစိုက်တောင်သူတွေ့က ရေအဆင်ပြေရင် နွေစပါးကို ပိုမိုစိုက်ပျိုးကြပြီး နွေစပါးကတစ်ဧကကို ကုန်ကျစရိတ်(၄၀၀၀၀၀) ကျော်ကုန်ကျပြီး မိုးစပါးစိုက်တာက ရာသီဥတုကြောင့်အပျက်အဆီးများတဲ့အတွက် မြစ်၊ချောင်း၊ မြောင်း၊တူးမြောင်းနဲ့ နီးတဲ့တောင်သူ တွေကတော့ မိုးစပါးထက် နွေစပါးကိုအဓိကထား စိက်ပျိုးကြပါတယ်။ နွေစပါးကအထွတ် နှုန်းကလည်း ပိုတာကြောင့် တောင်သူတွေဂရုစိုက်ပြီး စိုက်ပျိုးကြကြောင်း တကလှဲ့ကျေးရွာနေတောင်သူ ဦးဝင်းရီကပြောကြားခဲ့ကြောင်း သိရသည်။ 

တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးဧကအားဖြင့် (၈၁၃၃၅)စိုက်ပျိုးခဲ့ပြီး တစ်ဧကကိုပျှမ်းမျှ(၆၈.၁၂)တင်းထွတ်ရှိကာ စပါးတင်းပေါင်း (၅၅၄၀၅၄၀.၂)တင်းထွတ်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်နွေစပါးစိုက်ပျိုးဧက(၄၀၂၈၂ )ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း တစ်ဧကပျှမ်းမျှအထွတ် နှုန်း(၉၆.၉၄)တင်း စုစုပေါင်းစပါးတင်း (၃၉၀၄၉၃၇.၀၈)တင်း ထွတ်ရှိခဲ့ကြောင်း သိရှိရသည်။

တွံတေးသား