ကျောက်တန်းမြို့နယ်၌  မီးခိုးမြူငွေ့အန္တရာယ် သိကောင်းစရာများ အသိပညာပေးဟောပြော

ကျောက်တန်း ဇန်န၀ါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌  မီးခိုမြူငွေ့အန္တရာယ် သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ကျောက်တန်းမြို့နယ်၊ ကြံပင်စံပြကျေးရွာ၊ ကျေးရွာပိုင်ခန်းမတွင် ယမန်နေ့နံနက် (၉)ခွဲအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်ဦးစီးမှူး ဦးအောင်ခိုင်စိုးနှင့်အဖွဲ့မှ မီးခိုးမြူငွေ့အန္တရယ် သိကောင်းစရာများ ပြောကြားခြင်းကြားခဲ့သည်၊၊ ထို့နောက် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန့် မီသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း၊ ကျေးလက်ဦးစီးမှူး ဦးထွန်းဝင်းလတ်တို့မှ ပတ်ဝန်းကျင်ထိန်သိမ်းရေး သိကောင်းစရာများ ဖြည့်စွက်ပြောကြားခဲ့ပြီး ကျေးရွာအတွက် အမှိုက်ပုံးများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ခိုင်စိုးနှင့် အဖွဲ့၀င်များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၀င်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန့်၊ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း၊ ကျေးလက်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ကျေးရွာမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော်(ပြန်/ဆက်)