ကျောက်ဆည် ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းစပယ်ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ဂေဟစနစ်များ လျော့နည်းပပျောက်စေရေး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်းပြီး လူငယ်များနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး အခမ်းအနားတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အောင်မေကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်းသန်းက ပတ်ဝန်းကျင်ရေးရာကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာများဖြစ်သော စွမ်းအင်ချွေတာသောပစ္စည်းများ သုံးစွဲခြင်း၊ ကာဗွန်ထုတ်လုပ်မှုများကိုလျှော့ချခြင်း၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုခြင်း၊ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျော့ချခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စွမ်းအင်ချွေတာသောမီးလုံးများ အသုံးပြုခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်း၊ ပလတ်စတစ်အိပ်သုံးစွဲခြင်းကို ရပ်တန့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်း၊ အများသုံးယာဉ်နှင့် ဘတ်စ်ကားများကို အသုံးပြုခြင်း၊ ရေကိုချွေတာသုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်ခြင်း စသည့် အကြောင်းအရာများအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲအပြီးတွင် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရာလက်ဆောင်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများက ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြသထားသည့် ရာသီဥတု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် စိုက်ပျိုးသီးနှံပျက်စီးခြင်း၊ သစ်တာပြုန်းတီးခြင်းနှင့် ဇီဝမျိုးတုန်းပျောက်ကွယ်ခြင်း၊ ရေရှိရှိမှု ခက်ခဲခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ ရောဂါများဖြစ်ပွားခြင်း စသည့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)