ခန္တီး ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၃၅)နှစ်မြောက် ကျောက်စိမ်းရတု နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့နံနက်(၉)နာရီအချိန်က ဇီးဖြူကုန်းရပ်ကွက်ရှိ နာဂရိုးရာကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် နာဂရိုးရာယဉ်ကျေးမှုသဘာပတိ ဦးမြတ်ကိုမှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက နှစ်သစ်နုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ ဦးအောင်ထွဋ်က နှစ်သစ်ကူး နုတ်ခွန်းဆက်စကားပြော ကြားခဲ့သည်။
ထို့နောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား မနန်းရွယ်က ရှင်းလင်းတင်ပြကာ သဘာပတိကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရိုးရာအစားအစာများ၊ ရိုးရာခေါင်ရည်များဖြင့် တည်ခင်းဧည့်ခံပြီး ရိုးရာယဉ်ကျေးမှုအကအဖွဲ့များမှ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)