မင်းဘူးမြို့ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကျနေ့ ရေကစားသူများဖြင့် စည်ကား

မင်းဘူး ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယနေ့ မဟာသင်္ကြန် အကျနေ့နံနက်ပိုင်းက အနယ်နယ်ရပ်ရပ်မှ လာရောက်ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့၌ ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၉)ဖွဲ့နှင့် တစ်ပင်တိုင်သင်္ကြန်အကများအပြင် တေးသံရှင်များနှင့် ဧည့်ခံဖျော်ဖြေရေးအဖွဲ့များက ခေတ်ပေါ်တေးဂီတများဖြင့် မဟာသင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ အနယ်အနယ်အရပ်ရပ်မှ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့​ကြသူများနှင့် ဒေသခံပြည်သူများကို ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် KBZ Foundation တို့ပူးပေါင်းပြီး သင်္ကြန်စတုဒိသာများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးပေးလျက်ရှိပြီး ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)