တောင်ငူမြို့၊ ဗဟိုမဏ္ဍပ်၌ သင်္ကြန်အကျနေ့တွင် ရေကစားသူများဖြင့် စည်ကား

တောင်ငူ ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

တောင်ငူမြို့ ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲ့များ၊ DJ နှင့် နိုင်ငံကျော်‌တေးသံရှင်များ၊ ဒေသခံတေးသံရှင်များမှ သီဆိုဖျော်ဖြေလျက်ရှိပြီး သင်္ကြန်အကျနေ့တွင် နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် သီဟဇော်၊ ဝင်းလဲ့ချယ်ရီ၊ သူရဝင်းထွဋ်၊ ဧကရီစုစံ၊ အိမွန်ဇင်၊ နန်းပြည့်စုံ၊ ဆူးလေးနှင့် မြူရှင်တို့မှ လာရောက်ဖျော်ဖြေတင်ဆက်လျက်ရှိကာ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်  ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် တောင်ငူမြို့နယ် ရပ်ကွက်များနှင့်ကျေးရွာများတွင်လည်း သင်္ကြန်ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး အလှူရှင်များကလည်း စတုဒီတာများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)