စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး  သင်တန်းပို့ချ

စဉ့်ကိုင် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များအား  သင်တန်းပို့ချခြင်း အခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦး‌ဗိုလ်အောင်မောင်မောင်က ရပ်ကွက် (သိုမဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့နှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်တတ်စေရေး ရှင်းလင်းပို့ချသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)