ကလောမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့် စည်ကား

ကလော ဧပြီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ က‌လောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကလောမြို့ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်တွင် ဖျော်ဖြေရေးယိမ်းအဖွဲ့ ၁၂ ဖွဲ့နှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေကြပြီး မဟာသင်္ကြန်အတက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ရပ်နီးရပ်ဝေးမှ သင်္ကြန်ချစ်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး ပွဲတော်လာရောက်ဆင်နွှဲသူများအား ဌာနဆိုင်ရာများက မုန့်လုံးရေပေါ် သင်္ကြန်စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးပေးလျက်ရှိပြီး ရေကစားသူများဖြင့် အထူးစည်ကားလျက်သည်။

ကလောမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး သင်္ကြန်အတက်နေ့ ညနေ့ ၄ နာရီတွင် ပိတ်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)