တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်း‌‌ဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်

ကော့သောင်း ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်း‌‌ဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိသည့်အချိန်၌ အခါအား‌လျှော်စွာ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၍ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကြောင့်ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ကော့သောင်းမြို့ နယ်‌မြေဒေသလုံခြုံရေးနှင့်တည်ငြိမ်‌အေးချမ်းနေရခြင်းမှာ ကော့သောင်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ‌နယ်မြေခံတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးစားဆောင်ရွက်‌ပေးမှုများကြောင့်ဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ယခင်က တည်ငြိမ်အေးချမ်းရေးကို အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသူများဖြစ်သည့်အတွက် တဖက်တလှမ်းမှ ရဲလုပ်ငန်းကို တတ်နိုင်သည့်ဘက်မှ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အခက်အခဲနှင့်တင်ပြလိုသည်များရှိပါက တင်ပြစေလိုကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း အမှာစကားပြောကြားပြီး၊ ဝန်ကြီးချုပ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ရာ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကိုယ်စား ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုရဲအုပ်(ငြိမ်း) ဦးသာအောင်မှလည်း‌ကောင်း၊ ရဲတပ်ဖွဲ့ဝင်များကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး မြတ်မင်းထွေးတို့က လက်ခံကြသည်။ ယင်းနောက် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်အားလုံး၏ကိုယ်စား ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုရဲအုပ် (ငြိမ်း) ဦးသာအောင်မှ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပါသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ရဲတပ်ဖွဲ့ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)