မိုင်းယု ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအားချာက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၏ သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းများကို ဟောပြောရှင်းလင်းခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ Gade-3 ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနှင့်ပတ်သတ်သည့် ပုံများအား ရောင်စုံဆေးရောင်းခြယ်သခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။
ယင်းနောက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်