ငပုတော ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ် ကညင်ငူကျေးရွာအုပ်စုကွင်းအမှတ်- ၁၇၅၄စီ၊ ဦးပိုင်အမှတ်-( ၅၃/၅)၊ တောင်သူ ဒေါ်စောလှ၏ လယ်မြေ(၂.၀၀)ဧကတွင် တွင်ကျင်းပပြုလုပ်သည့် ဆောင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး Super Sun -41 နေကြာမျိုးစေ့များကို ဒေသခံတောင်သူများနှင့်အတူ စုပေါင်းစိုက်ပျိုးကြသည်။
ဆက်လက်ပြီး ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာ တောင်သူ ဦးကံရင်၏ လယ်မြေ(၄.၀၀)ဧကတွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကာ စိုက်တိုးမြှင့်အဖွဲ့ဝင်များ ဒေသခံတောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းကြဲပက်ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံမှားကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိူးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြင့်အဖွဲ့ဝင်များသည် သင်္ကန်းကုန်းကျေးရွာ တောင်သူဦးစိုးချစ်၏ လယ်မြေ ၅ ဧကတွင် ကျင်းပြုလုပ်သည့် GW- 11 နွေစပါးဆောင်းသီနှံအား ကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးကာ သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)