ဘီးလင်း ဒီဇင်ဘာ ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာစျေးရှေ့၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက စျေးသူ၊ စျေးသားများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးမီးငြှိမ်းသတ်ပုံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပုံများကို လက်တွေ့သရုပ်ပြခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေယုအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်လှထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စျေးသူ၊ စျေးသားများက မီးငြှိမ်းသတ်ပုံများနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပုံများကို ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)