တောင်တွင်းကြီး ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် (၁၀၀×၃၀) RCC(၂)ထပ်ဆောင် အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းအားလုံး ၃၂ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး(၁၀၀×၃၀) RCC (၂)ထပ်ဆောင် အဆောက်အဦသစ်တည်ဆောက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေ (၃၃၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် Swam Ahrr Family ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး(၃၂)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့ကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)