မြို့သစ် ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ နယ်မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာဦးစီးသောဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33KVဓာတ်အားလိုင်း၊ မြိုတွင်းနှင့်ကျေးရွာများသို့ ဖြန့်ဝေသွယ်တန်းထားသော 11KV ဓာတ်အားလိုင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များအသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များပြိုလဲခြင်းမရှိစေရန်စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသောသစ်ပင်၊ သစ်ကိုင်းများအားခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များဓာတ်တိုင်ပေါ်သို့ ရစ်ပတ်တွယ်တက်မှုမရှိအောင် ရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓါတ်အားပြည့်ဝစွာအသုံးပြုနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ယခုအခါ မြို့သစ်မြို့နယ်အတွင်း ယခင်ကသွယ်တန်းပေးထားသော အကာအကွယ်မဲ့ကြေးနန်း ကြိုးများ၏ နေရာတွင် 400 V AAC လျှပ်ကာ၊ ကာဘာကြိုးများဖြင့် အသစ်လဲလှယ်တပ်ဆင် ပေးခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ လျှပ်စစ်မီးသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ်လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)