လက်ပံတန်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မိုင်းရယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို (၁၉)ရက်နေ့နေ့နံနက် (၁၀)နာရီနှင့် နေ့လည် (၂)နာရီတို့တွင် မြို့နယ်ရုံး၊ စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူလူထုများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၉) ရက် နံနက်ပိုင်းက လွယ်စေးကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအားပြသပေး

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူကုန်ကူးမှုပပျောက်ရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများအား အများပြည်သူများကြည့်ရှုလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိခဲ့ ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တက်ရောက်

တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယခုလ (၁၇) ရက်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) တာဝန်ခံ ဦးသန်းစိုးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးတို့သည် ဒီဇင်ဘာ (၁၈)ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။

မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ (Super sun -41) နေကြာ မျိုးစေ့စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကံကွင်းကျေးရွာ တောင်သူ ဦးအုန်းလွင်၏ လယ်မြေ (၁.၀၀)ဧကနှင့် အနောက်ပိုင်းရပ်ကွက်၊ ကြောင်ထောက်ကုန်းကျေးရွာ တောင်သူ ဦးဖိုးစေး၏ လယ်မြေ (၃)ဧကတွင် (Super sun -41) နေကြာမျိုးစေ့ စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။

နတ်မောက်မြို့နယ်၊ ဘော်အိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထစက်ဝန်း ထုတ်ချေးခြင်းကို ဒီဇင်ဘာ(၁၉)ရက်နေ့ နေ့လယ်ပိုင်းက ဘော်အိုင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

စစ်ကိုင်းမြို့တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ဖွင့်လှစ်သော မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
Subscribe to