ကျိုင်းတောင် ဒီဇင်ဘာ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူကုန်ကူးမှုပပျောက်ရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများအား အများပြည်သူများကြည့်ရှုလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိခဲ့ ကြောင်းသိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် လူကုန်ကူးမှုဖြစ်ပွားစေသောအကြောင်းအရာများ၊ လူကုန်းကူးမှုတားဆီးရေးလုပ်ဆောင်ချက်များ၊ လူကုန်ကူးခံရနိုင်သောခြေအနေများ၊ လူကုန်ကူးခံရလျှင် ဆောင်ရွက်သင့်သေား လုပ်ဆောင်ချက်များနှင့် အကူအညီရယူနိုင်သော ဖုန်းနံပါတ်များစသည့် အကြောင်းအရာအချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းသိရသည်။
ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် သိသင့်သိထိုက်သည့် အသိပညာအကြောင်းအရားများအား စဉ်ဆက်မပျက် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုကို(ပြန်/ဆက်)