တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တန့်ယန်း  ဒီဇင်ဘာ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူလူထုများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၉) ရက် နံနက်ပိုင်းက လွယ်စေးကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

 ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်နော်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများက ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် ပြည်သူလူထုအအကျိုးပြု ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။                      

မင်းလွင်ဦး(ပြန်/ဆက်)