မိုင်းရယ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို (၁၉)ရက်နေ့နေ့နံနက် (၁၀)နာရီနှင့် နေ့လည် (၂)နာရီတို့တွင် မြို့နယ်ရုံး၊ စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့အာဇာနည်များအကြောင်းနှင့် ယနေ့ခေတ်လူငယ်များ လွတ်လပ်ရေးနေ့တန်ဖိုးကို သိရှိနားလည်၍ တန်ဖိုးထားတတ်စေရန် တို့ကိုဆွေးနွေး ဟောပြောသည်။
ထို့နောက် အ.မ.က (၂) (၄)၊ မူလွန်(၁)နှင့် မူလွန်(တပ်တွင်း)ကျောင်းတို့မှ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးတို့က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ နေ့လည် (၂)နာရီတွင် အ.ထ.က၊ အ.လ.က၊ မူလွန်(တပ်တွင်း)နှင့်မူလွန်(၁)ကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့က ကဗျာပြိုင်ပွဲကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)