လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

လှိုင်းဘွဲ  ဒီဇင်ဘာ ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က လူမှုမီဒီယာများတွင် တွေ့ရှိရသော သတင်းအမျိုးအစားများ၊ သတင်းအမှားကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကြောင်းအရာများ၊ ခိုင်မာသောသတင်းအရင်းအမြစ်ရှိခြင်းစသည့် သတင်းအမှား၊ သတင်းအမှန်ခွဲခြားသိမြင်နိုင်စေရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးသီဟမြင့်ဆွေက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးအကြောင်း၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ငွေက မြို့နယ်အတွင်း ဥပဒေအထောက်အကူပေးရေးအဖွဲ့၏ဆောင်ရွက်မှုများ၊ ဥပဒေဆိုင်ရာများအကြောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးဌေးဝင်က မူးယစ်ဆေးဝါးများ အန္တရာယ်နှင့်ပတ်သက်သည့်သိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ရုံးအဖွဲ့မှူး) ဦးလင်းခိုင်က လူကုန်ကူးမှုအန္တရာယ်အကြောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား သင်တန်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)