ငပုတော ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကံကွင်းကျေးရွာ တောင်သူ ဦးအုန်းလွင်၏ လယ်မြေ (၁.၀၀)ဧကနှင့် အနောက်ပိုင်းရပ်ကွက်၊ ကြောင်ထောက်ကုန်းကျေးရွာ တောင်သူ ဦးဖိုးစေး၏ လယ်မြေ (၃)ဧကတွင် (Super sun -41) နေကြာမျိုးစေ့ စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။
ထို့သို့ ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌက အပင်များ စနစ်တကျရှင်သန်ကြီးထွားစေရေးအတွက် စနစ်တကျစိုက်ပျိုးနိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသော စပ်မျိုးနေကြာမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ အပင်အတွက်လိုအပ်သော သွင်းအားစုများကို စနစ်တကျ ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ ပိုမွှားအန္တရာယ်ကင်းရှင်းစေရေးအတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)