ရွှေပြည်သာမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ဉာဏ်စမ်း၊ ပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။