မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် (နေ့သင်တန်း) ဘာသာရပ်အသီးသီး၌ တက်ရောက်ပညာသင်ကြားနေသည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲ၊ ဘာသာရပ်မိတ်ဆက်ပွဲ၊ ပညာရပ်အထောက်အကူပြု စာအုပ်ပြပွဲနှင့် ပိုစတာပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လက်ထောက်မော်ကွန်းထိန်း (အဝေးသင်-သင်တန်း)၊ စာကြည့်တိုက်မှူးနှင့် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ တက်ရောက်ကြသည်။