ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈/၂၀၂၄)သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့ သားကောင်းရတနာများကို ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းတွင် ကြိုဆိုခဲ့ကြသည်။