မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်

မိုင်းယောင်း ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်း (၈/၂၀၂၄) ပြည့်မီစွာ စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ စုစုပေါင်းအင်အား ၂၂ ဦးနှင့် ကျင်းပဆောင်ရွက်ပြီး ဝမ်ထန်ကျန့်အုပ်စု၊ ဝမ်ထန်ကျန့်ကျေးရွာအတွင်းရှိ မြေရိုင်းဧရိယာ ငါးဧကခန့်အား ပြည်ကျော်ဟိန်းကုမ္ပဏီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာအား အလုပ်ရုံမြေနေရာအဖြစ် အသုံးပြုရန်အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ(က)အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ လျှောက်လွှာပုံစံ(၄)ဖြင့် လျှောက်ထားခြင်းအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)