ပျဉ်းမနား ဒီဇင်ဘာ ၂၂
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမကြီး ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် စာရေးဆရာမကြီးခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် မျှော်လင့်ချက်၊ ရှင်သန်တိုးပွား ချစ်ခြင်းတရား၊ ချမ်းမြေ့သာယာတဲ့အိမ်ထောင်ရေး၊ အချိန်အခါကိုသိပါ၊ လမ်းလျှောက်ထွက်ကြမယ်၊ စကားပြောဖို့ ခလုပ်နှိပ်ပါ၊ နာမည်တောင်မရှိတဲ့သူ၊ ခဏလောက်စောင့်ပါအုံး၊ လူတန်းစားအလွှာ မခြားနားစေရာ၊ ကျေးဇူးပါအမေ စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များက အသီးသီးပါဝင်ဆွေးနွေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ဆွေးနွေးမှုများအပေါ် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင် းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)