ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ဒီဇင်ဘာလ(၂၁)ရက်နေ့နံနက် (၉)နာရီအချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများသည် ဟိုင်းကြီးကျွန်းမြို့ မြို့အဝင်တံတားထိပ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများသို့ သွားရောက်ပြီး ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ရှိ/မရှိ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်းမလိုက်နာသူများအား သတိပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အတွင်း လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပွားစေရန်အတွက် ဆိုင်ကယ်များ၊ ကားများနှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ခရီးသွားများနှင့် ယာဥ်များအား သေချာစွာစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)