ငပုတော ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျောင်းစု(၁)၊ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဆုရရှိသောအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၁ ရက်နေ့နံနက်(၉) နာရီအချိန်က ရွှေမြကွင်း(အ.လ.က)ကျောင်းအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ရွှေမြကွင်း(အ.လ.က)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စုစုရည်ကအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်(ကျား)ဘောလုံးပြိုင်ပွဲနှင့် (မ)ထုပ်စီးထိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်တစ်ဦးချင်းထူးချွန်ဆုရရှိသူများအား ဆရာ/ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြှင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်ကာ ကျောင်းစု(၁)၊ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ (ကျား)ဘောလုံးပြိုင်ပွဲနှင့် (မ)ထုပ်စီးထိုးပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိကျင်းပခဲ့ပြီး (ကျား)ဘောလုံးအသင်းပေါင်း(၅)သင်း၊ ပွဲစဉ်ပေါင်း(၂၀)ပွဲနှင့် (မ)ထုပ်စီးထိုး အသင်းပေါင်း(၅)သင်း၊ ပွဲစဉ်ပေါင်း(၂၀)ပွဲယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)