တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

တာလေ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာ‌လေမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(တပ်တွင်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ မြိုနယ်ခွဲပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က ကျောင်းသား မောင်မယ်များ ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာလေးများ ဖြစ်လာစေရန် ပညာ၏ အဓိပ္ပာယ်၊ စာဖတ်ခြင်းဖြင့် လှပသောအနာဂတ်ကို မိမိတို့ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ပုံ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ အသိပညာအတတ်ညာနှင့် ပြည့်စုံမှသာလျှင် လောကကောင်းကျိုးကို ကောင်းစွာသယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ​ဟော​ပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာ​စောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာကြည့်ရှုခဲ့​ကြောင်း သိရသည်။

​မိုးလရောင်(ပြန်/ဆက်)