မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို  ယမန်နေ့နံနက် ၉ နာရီက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြပွဲ၊ ပြခန်းတွင် လွတ်လပ်ရေးနေ့သမိုင်းကြောင်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေးစာစောင်၊ ပိုစတာများ၊ ပန်းချီများ၊ ကာတွန်းများ၊ သုတ/ရသစာအုပ်စာပေများ၊ တိုင်းကျိုးပြည်ပြုမှတ်တမ်းများ၊ ဒေသဖွံ့ဖြိုးရေးမှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက  တက်ရောက်လေ့လာကြည့်ရှုခဲ့သည်။

အဆိုပါပြပွဲပြခန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့က ပူးပေါင်းစီစဉ်တင်ဆက်ထားပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှ  ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)