ပခုက္ကူ ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဆုချီးမြှင့်ပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံဘောလုံးအားကစားပြိုင်ပွဲ တံခွန်စိုက်ဆုဖလားနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)