ပခုက္ကူ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးစာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုချိုမာက စာဖတ်ရှိန်မြှင့်တင်ရေးစာပေဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာဖြိုးသီဟ ရေးသားထုတ်ဝေထားသော “ပျော်ရွှင်ပါစေ”စာအုပ်အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွဲဖက်ဝန်ထမ်းများက စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(CN-034)