ကျွန်းလှမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေမိုးလုံလေလုံ အားကသားခန်းမ၌ ကျင်းပသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျွန်းလှမြို့နယ် အခြေခံပညာ‌ကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၂၁) သင်း အားကစားသမား (၁၀၅) ဦးဖြင့် ဒီဇင်ဘာ ၂၄ ရက်မှ ၂၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ Myanmar Fitness Dance ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ‌ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ