ကြို့ပင်ကောက်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်ပွလဲခြင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုကျ

ကြို့ပင်ကောက် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောင်မြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုအချို့တို့တွင် သစ်ပင်များ အမြစ်ပွလဲခြင်းနှင့် လူနေအိမ်များ၊ အဆောက်အဦများ အမိုးလန်ပျက်စီး၊ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်ပွလဲခြင်းနှင့် လူနေအိမ်များ၊ အဆောက်အဦများ အမိုးလန်ပျက်စီး၊ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ရာနေရာများတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဆိုပါလေဘေးသင့်အိမ်ထောင်စုများအား သက်ဆိုင်ရာဆွေမျိုးများအိမ်တွင် ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းအား စိစစ်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)