ကော့မှူးတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ကော့မှူး ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေက မြို့သစ်ရပ်ကွက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ မြို့နယ်အတွင်းရှိ ပြည်သူများဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ရည်ရွယ်၍  အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး ရှမ်းစုကျေးရွာ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်းနှင့် ပင့်သံဃာတော်များအား‌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ကြသည်။

ထိုနောက် ရှမ်းစုကျေးရွာရွှေ ညောင်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒထံ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရား နာယူခဲ့ကြပြီး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ဗုဒ္ဓဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)