စစ်ကိုင်းမြို့နယ်၌ ဆောင်းမြေပဲ ဧက (၁၃၀၀၀)ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲ ဧက (၁၃၀၀၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံပြည်သူ့အငှား အိမ်ရာဖွင့်လှစ်

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (၂၀၂၄-၂၀၂၅) ခုနှစ်၊ ပြည်နယ်ဘဏ္ဍာငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၃၂ ဒဿမ ၈၈၅) သန်းဖြင့် Than Lwin Archive (သံလွင်အားခိုက်) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၃) ခန်းတွဲ (၅) ထပ် ပြည်သူ့ အငှားအိမ်ရာတစ်လုံး ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အင်းလေးလမ်းရှိ အဆိုပါပြည်သူ့အငှားအိမ်ရာ၌ ကျင်းပသည်။

ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

ပလောက်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တို့တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့တွင် ချယ်ရီပန်းများ ဝေ​ဝေဆာဆာဖူးပွင့်လာပြီး ပြုစုထိန်းသိမ်းကြရန်လိုအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ဇန်နဝါရီလ အစောပိုင်းကတည်းက ချယ်ရီပန်းလေးများ စတင်ဖူးပွင့်လာပြီး ပြုစုထိန်းသိမ်းကြရန် လိုအပ်ကြောင်း မြို့ခံများထံမှ သိသည်။

ဝမ်းတွင်းမြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မရဲစခန်း၌ မီးဘေးကြိုတင် ကာကွယ်ရေးဟောပြောခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် ကူမဲမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ (၃) ရက်နေ့က ကူမဲမြို့ အမှတ် (၁) ရပ်ကွက်တွင်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အ.ထ.က(ခွဲ) ဆင်ကူးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to