မိုင်းခုတ် ဖေဖော်ဝါရီ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်းတွင် "ပြည်ထောင်စုနေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်(၃)ဦး၊ လယ်တန်းအဆင့်(၅) ဦး၊ မူလတန်းအဆင့် (၂၄)ဦး၊ စုစုပေါင်း(၃၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)