ရပ်စောက်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထွေထွေ ဗဟုသုတပြိုင်ပွဲကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထွေထွေ ဗဟုသုတပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး အဆိုပါပြိုင်ပွဲသို့ မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာ‌‌စောင်များ ပြသခဲ့ပြီး ပြိုင်ပွဲ၌ ဆုရရှိသူများကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ဆုများပေးအပ်ချီးမြှင့် ပေးမည်သွားဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)