ဆီဆိုင်မြို့နယ်တွင် နွေစပါးရေကြီးနစ်မြုပ်သွားသည့် တောင်သူများအား စပါးမျိုးစေ့များ ပေးအပ်

ဆီဆိုင် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု နောင်စန့်ကျေရွာတွင် ရှမ်းလူငယ်များကွန်ယက်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှပူးပေါင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နွေးစပါးရေကြီးနစ်မြုပ်သွားသည့် တောင်သူများအား စပါးမျိုးစေ့များပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်းဝါနုက နွေးစပါးမျိုးစေ့များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့မှ နွေးစပါးရေကြီးနစ်မြုပ်သွားသည့် တောင်သူများထံသို့ စပါးမျိုးစေ့များအား အသီးသီးပေးအပ်ကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ နွေးစပါးမျိုးစေ့များကို ပုံးအင်းဒေသရှိ ရေကြီးနစ်မြုပ်သွားသည့် နွေစပါးစိုက်ဧက ၃၃၅ ဧကအတွက် တစ်ဧကလျှင် စပါးမျိုးစေ့ တစ်တင်းခွဲနှုန်းဖြင့် စုစုပေါင်း ၅၀၀ တင်းအား  တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)