(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လားရှိုးပညာရေးဒီဂရီကောလိပ် အမျိုးသားဘောလုံး ဗိုလ်လုပွဲနှင့်ကျောင်းတွင်းအားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပ

အောင်မြေသာစံ ဖေဖော်ဝါရီ ၁၁

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အားကစားပြိုင်ပွဲ၊‌ အမျိုးသားဘောလုံးဗိုလ်လုပွဲနှင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ ကျောင်းသား၊ ကျောင်းသူများက ရှမ်းရိုးမက အိုးစည်သံသီချင်းဖြင့် က'ပြ၊ ဂုဏ်ပြု တင်ဆက်ကြသည်။ ထို့နောက် အနော်ရထာအသင်းနှင့် ဘုရင့်နောင်အမျိုးသားဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားကြသည်။

ထို့နောက် အားကစားပြိုင်းပွဲများ၏ ဆုချီးမြှင့်ပွဲကိုကျင်းပပြုလုပ်ရာ လားရှိုးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာလွင်လွင်စန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့်တာဝန်ရှိသူများ၊ လားရှိုး ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်အုပ်ကြီး ဒေါက်တာလဲ့လဲ့မာ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ချမ်း‌အေးသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ဖေနှင့် ဆရာ၊ ဆရာမများက အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများကို ဆုများချီးမြှင့်ပေးအပ်ကြသည်။

မြင့်မော်ထွန်း(၀၉၃)