ခိုလမ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုအထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် တိုင်းပြည်သာယာဝပြောဖို့ ငြိမ်းချမ်းရေးကိုတည်ဆောက်စို့၊ စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ (၁၂.၂.၁၉၄၇)ရက်နေ့တွင် ပင်လုံမြို့၌ ပင်လုံစာချုပ် ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပြည်ထောင်စုနေ့ ကဗျာ၊ကာတွန်း၊ ဆောင်ပုဒ်များစသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ကျောင်းသားလူငယ်ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နေလင်းထွန်း(ပြန်/ဆက်)