သာပေါင်း ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ကျင်းပခဲ့ကြသည်။
အခမ်းအနားကို “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် မဟာဂန္တဝာဝါစက ပဏ္ဍိတဘဒ္ဒန္တဝိဇယက ဩဝါဒကထာ မြွတ်ကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ သာသနာရေးဆိုင်ရာများလျှောက်ထားကာ အဖွဲအစည်းမှ အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာ လစ်လပ်သည့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် (၁)ပါး၊ တိုင်းသံဃာ့ဝန်ဆောင် (၁)ပါး၊ သက်တမ်းတိုး (၄)ပါးတို့အား အဆိုပြု/အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာမြွက်ကြားကာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်းအစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး