ဒေသအသီးသီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ချီးမြှင့်ပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့သည် ယနေ့ နံနက် (၈)နာရီက အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ် ပြည်သူ့စစ်မှုထမ်းအမှတ် (၁) သင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်သည်။

ကြံခင်းမြို့၊ အ.မ.က (ကဇင်းကြီး) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ် ပြပွဲကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်း (ကဇင်းကြီး) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စာသင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပန်းတ‌နော်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကဇင်းငူကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ရွှေမင်္ဂလာစက်သုံးဆီ အရောင်းဆိုင်ကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့သည်။

ရွာငံမြို့နယ်တွင် ယခင်နှစ်များထက် ကော်ဖီသီးဈေးနှုန်းမြင့်တက်လာရာမှ ခြံပိုင်ရှင်များ ဈေးကောင်းရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်၌ နှစ်ရှည်ပင် စိုက်ပျိုးရင်းနှီးမြှုပ်နှံရာတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည်လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် ပြောင်းလဲတိုးတက်လုပ်ကိုင်လာကြကြောင်း သိရသည်။

ကျွန်းစုမြို့၌ ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းမြှင့်၍ ရောင်းချနေမှု ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး​၊ ကျွန်းစုမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်၍ ရောင်းချနေမှု ရှိ၊ မရှိကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

သရက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့်အဖွဲ့က ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် တောင်သူများ တွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်း​ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါကာ  ဖေဖော်ဝါရီ(၁၆)ရက်နေ့က သခွတ်မြင့်ကျေးရွာနှင့် ရာသင်္ချာကျေးရွာရှိ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တံတားမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်‌စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လယ် (၁၂) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရန်မျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ တောင်သူဦးတင်ထွန်း စိုက်ပျိုးထားသော ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဈေးကောင်းရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကိစ္စရပ်များဆွေးနွေး

တေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဖရုံချောင်ကျေးရွာ၊ ကန်သုံးကန်ကျေးရွာ၊ ကိုးထောင်ကျေးရွာ၊ မျက်ဆံနီကျေးရွာများ၌‌ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to