ကော့မှူးမြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကိစ္စရပ်များဆွေးနွေး

ကော့မှူး ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဖရုံချောင်ကျေးရွာ၊ ကန်သုံးကန်ကျေးရွာ၊ ကိုးထောင်ကျေးရွာ၊ မျက်ဆံနီကျေးရွာများ၌‌ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၊ အဖွဲ့ဝင် (၂) ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ၊ တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ၍ စိုက်ပျိုးရေးကိစ္စရပ်များ၊ ကျေးရွာအုပ်စုအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ရွာတွင်းလမ်းကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/‌ဆက်)