ကျွန်းစု ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်၍ ရောင်းချနေမှု ရှိ၊ မရှိကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြှင့်တက်မှုမရှိစေရေး စိစစ်ကြပ်မတ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ဌေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင် ၄ ဆိုင်တွင် အများပြည်သူများအတွက် ရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းများကို ဒေသအတွင်း ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)