တံတားမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်

တံတား ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်‌စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လယ် (၁၂) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က လူကုန်ကူးမှုပြသနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား အမျိုးသမီး ကလေးသူငယ်တွေကို ငွေကြေးနှင့် သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းတွေလိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသူတွေကို အခြားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်စေခြင်း စသော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုတာ တကယ်တော့ လူ့အသိုက်အဝန်းကို ဆုတ်ယုတ်ပျက်‌စီးစေကြောင်း၊ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကို တိုက်ဖျက်ဖို့ရာ လူတစ်ဦးချင်းက‌ရော‌၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကရော ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးကပါ ပါဝင်‌ဆောင်ရွက်သင့်ကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)