မိုင်းရှူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၁၀ နာရီတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သရက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့၌ သီလရှင်ဝတ်စုံလှူဒါန်းပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့အောင်ချမ်းသာရပ်ကွက်ရှိ ခေမာရာမသီလရှင်စာသင်တိုက် ဝတ်စုံလှူဒါန်းပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါစာသင်တိုက်ခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး  အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီကလိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို ကြပ်မတ်စစ်‌ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

မင်းလှ၌ ဆောင်းပဲတီစိမ်း ဧက (၅၀) စံပြကွက်အား စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းပဲတီစိမ်း ဧက (၅၀) စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဥတိုကညင်ပင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပင်လုံမြို့၌ မူလမင်းကွန်း ဇေတဝန်သာသနာ့မာရ်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မူလမင်းကွန်း ဇေတဝန်သာသနာ့မာန်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မူလမင်းကွန်း ပန်မုန့်ကမ္မဋ္ဌာန်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to