ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြပွဲပြုလုပ်

ရေဖြူ   ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre)တွင်  ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/သူများနှင့် အများပြည်သူများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးစာစောင်များကို ကပ်ထားကာ ပြသထားလျက်ရှိကြောင်းသိရသည်။

အဆိုပါနံရံကပ်ဘုတ်တွင် ကလေးအသက်အရွယ်၊ ကလေးများအား ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ကလေးအလုပ်သမားပပျောက်ရေးဆောင်းပါး၊ ကဗျာ စသည့်အကြောင်းအရာများကို ပြသထားရှိခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဆောင်ရန် ရှောင်ရန်ဆိုင်ရာအသိပညာပေးစာစောင်ကိုလည်း ကပ်ပေးထားသောကြောင့် မည်သူမဆို လာရောက်လေ့လာဖတ်ရှုနိုင်ပါကြောင်း သိရသည်။

ခတ္တာ