ကျေးသီး ဖေဖော်ဝါရီ ၁၇
ယာယီနေရပ်စွန့်ခွာနေကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများကို မှန်မှန်ကန်ကန်ဖြစ်စေရေး၊ အလေအလွင့်မဖြစ်စေရေး၊ ရသင့်ရထိုက်သူများ ရရှိစေရေးတို့အတွက် ကျေးသီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁)နာရီက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက ထောက်ပံ့ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့က ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ကျေးသီးမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ (၂၇၈) ဦးရှိပြီး၊ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း (၅,၅၆၀,၀၀၀) ကျပ်ကို ယာယီနေရပ်စွန့်ခွာနေကြရသူများ လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းဗွေခမ်း